ပြည် ဇန်နဝါရီ ၃
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်မြို့ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုအစီအစဉ်ဖြင့် ဇန်နဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ဆောင်ရွက်ပေးရာတွင် ပြည်ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုခံယူသူ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ အသက်(၄ လ)အရွယ်မှ ( ၁၅ နှစ် )အရွယ်အထိ ကျား(၁၂ )ဦး၊ မ(၄)ဦး၊ စုစုပေါင်း(၁၆)ဦးတို့ကို အောင်မြင်စွာ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ယင်းဆောင်ရွက်ပေးနေမှုအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ ပြည်ဆေးရုံအုပ်ကြီးဒေါက်တာဝင်းမော်ဦးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကာ လူနာရှင်များနှင့် ခွဲစိတ်လူနာများကို အားပေးစကားများပြောကြားပြီး ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများကလည်း ခွဲစိတ်လူနာများအတွက် လိုအပ်သည့်ကျန်းမာရေးဆိုင်ရာ ကူညီစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)