ခိုလမ် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မူလတန်းလွန်ကျောင်း(ဝမ်ဖွီး)တွင် ယနေ့မွန်းလွဲပိုင်း (၁)နာရီအချိန်က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ကျင်းပခဲ့ပါသည်။
အဆိုပါ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုပြိုင်ပွဲများတွင် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် (၁၇)ဦးနှင့် မူလတန်းနှင့် အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် (၁၄)ဦး စုစုပေါင်း ကျောင်းသား/သူ (၃၁)ဦးတို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား လွတ်လပ်ရေးနေ့ဆုပေးပွဲအခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်းထွန်း (ပြန်/ဆက်)