(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲကို ထန်းတပင်မြို့နယ်တွင် ကျင်းပ

ထန်းတပင် ဇန်နဝါရီ ၂

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အတွင်းရေကျော် ကျေးရွာတွင်ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုအေးက စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်သန်းက ကျေးဇူးတင်စကားများ ပြန်လည်၍ ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ အဖွဲ့ဝင်(၂)ဦးအေးဝင်း၊ မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုအေးနှင့် ကျေးရွာအုပ်ချုပ်မှူး ဦးအောင်ထူးတို့က ကျေးရွာတွင်းကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တာဝန်ရှိသူများ ကျေးရွာတွင်းကွန်ကရစ်လမ်းကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၄-၂၀၂၅)ခု၊ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် (၁၅ ) သန်းနှင့် ကျေးရွာနေ ပြည်သူထည့်ဝင်ငွေကျပ်(၃)သန်း စုစုပေါင်းငွေကျပ် (၁၈)သန်းတို့ဖြင့် လမ်းအရှည်ပေ(၄၉၃)၊ အကျယ်(၁၀)ပေနှင့် (၆)လက်မထုကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ကွန်ကရစ်လမ်းဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ကျေးရွာနေအိမ်ခြေ (၆၁၀) ရှိ ကျေးလက်နေပြည်သူ(၂၅၉၆)ဦးတို့၏ အလုပ်အကိုင်အခွင့်အလမ်းများနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်