လဲချားမြို့နယ် အ.လ.က(၁)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

လဲချား ဇန်နဝါရီ ၂

အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ယနေ့  နေ့လယ် ၁ နာရီခွဲအချိန်က ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အ.လ.က(၁)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးက (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့၊ က‌လေးအလုပ်သမားပပျောက်ရေး၊ ကလေးအလုပ်သမားအကြောင်းသိကောင်းစရာများ၊ မူးယစ်ဆေးဝါးဟူသည်၊ ရှောင်လေဝေးဝေးမူးယစ်ဆေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းပညာရေးတွင်သာမက ဘက်စုံထူးချွန်သော ကျောင်းသား/သူများဖြစ်ထွန်းလာစေရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာအုပ်၊ စာစောင်များကို ဖတ်ရှုလေ့လာသင့်ကြောင်းကိုလည်း​ကောင်း အသိပညာပေးဟောပြောခဲ့ကာ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစည်းကမ်း၊ သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)