ပဲခူးမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲ ကျင်းပ

ပဲခူး ဇန်နဝါရီ

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက ပဲခူးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ပညာထက်မြက်စေရန်၊ ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်၊ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်ရှိရန်နှင့် ကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အားကစားပြိုင်ပွဲများတွင် ထုပ်စည်းထိုးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲနှင့် အမြင့်ခုန်ပြိုင်ပွဲများ ပါဝင်ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)