သံတောင်ကြီးမြို့တွင် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

သံတောင်ကြီး ဇန်နဝါရီ ၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်နှစ်သစ်ကူးနေ့  အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကို  ယမန်နေ့ နေ့လယ် (၃)နာရီ အချိန်က သံတောင်ကြီးမြို့ အမှတ်(၄)ရပ်ကွက်၊ အားကစားကွင်း၌  ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကရင်နှစ်သစ်ကူးဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးစောခရစ္စတိုဖာက အမှာစကား ပြောကြားပြီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဆက်လက်ကျင်းပရာ ရပ်ကွက်-၄(ခ) အသင်းက ရပ်ကွက်၃ အသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများနှင့် တစ်ဦးချင်းစီအလိုက် အကောင်းဆုံးဆုများအား ကရင်နှစ်သစ်ကူးဖြစ် ဘောလုံးပြိုင်ပွဲမြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးစောခရစ္စတိုဖာနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နော်နော်မူ (ပြန်/ဆက်)