ခိုလမ် ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ရွှေစေတီဘုရားဝင်းအတွင်း ကျင်းပခဲ့သည်။
ယနေ့ပြုလုပ်သည့်ခြင်းလုံးပြိုင်ပွဲကို မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူငယ်များ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်၍ ကျန်းမာသန်စွမ်းသော မျိုးဆက်သစ်လူငယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ခိုလမ်မြို့အားကစားပြိုင်ပွဲကျင်းပရေးကော်မတီမှကြီးမှူး၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇန်နဝါရီ (၂)ရက်နေ့မှ (၄)ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်း (၈)သင်းဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဆုရရှိသူများအား (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)