ရန်ကင်း ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် ရန်ကင်းမြို့နယ်၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်တွင် ပညာရေး၀န်ကြီးဌာန၊ ဆရာအတတ်သင်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်များမှ ဒုတိယကျောင်းအုပ်ကြီးများနှင့် သင်ကြားရေးစီမံ၀န်ထမ်းများအတွက် Leadership and Management သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ရန်ကင်းပညာရေးဒီဂရီကောလိပ်ရှိ မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပညာရေး၀န်ကြီးဌာနမှ အမြဲတမ်းအတွင်း၀န်(ငြိမ်း) Dr.စိုး၀င်းက သင်တန်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ဆက်လက်၍ ဆရာအတတ်သင်ပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Dr.အေးဖြူဇင်က ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ရန်အတွက် ကျင့်သုံးလိုက်နာရမည့်အချက်များ၊ မိမိတို့သင်တန်းပြန်လည်ပို့ချသင်ကြားရာတွင်လည်း စွမ်းဆောင်ရည်ကောင်းများရှိစေရန်၊ Onlineမှသင်တန်းပို့ချရာတွင် စိတ်၀င်စားမှု နည်းပါးနိုင်ခြင်းကြောင့် ယခုလိုလက်တွေ့သင်တန်းများပို့ချရန် စီစဉ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပေးခဲ့ပြီးအခက်အခဲများကြားမှလာရောက်သင်ကြားကြသော ဆရာဆရာမများအား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပညာရေး၀န်ကြီးဌာနမှ အမြဲတမ်းအတွင်း၀န်(ငြိမ်း) Dr.စိုး၀င်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Dr.အေးဖြူဇင်၊ ပညာရေးဒီဂရီကောလိပ်များရှိကျောင်းအုပ်ကြီးများ၊ ဒုတိယ ကျောင်းအုပ်ကြီးများနှင့်ဆရာ၊ ဆရာမများ၊ သင်ကြားရေးစီမံ၀န်ထမ်းများ တက်ရောက်ခဲ့ကြ ကြောင်းသတင်း ရရှိသည်။
ရဲလေး(ပြန်ဆက်)