မိုင်းဖြတ် ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် မြန်မာ့လွတ်လပ်ရေးကို အစဥ်အလေးထားတန်ဖိုးထားစေရန်အတွက်ရည်ရွယ်၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရီ ဒေါ်အေးဝင်းခိုင်က ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲဝင်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးတို့က စိတ်ကြိုက်ပုံပြင်များဖြင့် အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်နှင့် အမှတ်ပေးဒိုင်များက ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ဝန်ထမ်းများက သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)