ခိုလမ် ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ခိုလမ်မြို့၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ (ဟိုင်းလိုက်) ကျောင်းတွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (စာကြည့်တိုက်လက်ထောက်-၃)ဒေါ်ဝေဝေအောင်မှ အနာဂတ်မျိုးဆက်သစ်ကျောင်းသား/သူများအနေဖြင့် အထိမ်းအမှတ်နေ့များကို မြတ်နိုးတန်ဖိုးထားရန်၊မမေ့လျော့စေရန် ၊အဖိုးတန်သောလွတ်လပ်ရေးကို တန်ဖိုးထားတက်စေရန် ၊ဗိုလ်ချုပ်အောင်ဆန်းနှင့်ရဲ ဘော်သုံးကျိပ်တို့၏လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုများ၊ မြန်မာတစ်မျိုးသားလုံး၏ သူ့ကျွန်မခံလိုသော စိတ်ဓာတ်၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ပုံများစသည်တို့ကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ သူများအား လွတ်လပ်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)