ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၌  နှစ်သစ်ကူးအထူးဓမ္မသဘင် ကျင်းပ

ပြည် ဇန်နဝါရီ ၂

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ပုညကရဏဓမ္မာရုံရင်ပြင်တော်၌ ယမနေ့ ညနေ (၆) နာရီက နှစ်သစ်ကူးအထူးဓမ္မသဘင်ပွဲ ကျင်းပသည်။

နှစ်သစ်ကူးအထူးဓမ္မသဘင်၌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဏိတ၊ DPhil (Oxford)၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဘဒ္ဒန္တ ဓမ္မသာမိဆရာတော်ဘုရားကြီးက "အစကောင်းမှအနှောင်းသေချာ"ခေါင်းစဥ်ဖြင့် နှစ်ဦးတရား တော်ကို ဟောကြားချီးမြှင့်‌တော်မူသည်။ အဆိုပါနှစ်ဦးဓမ္မသဘင်သို့  ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့တာဝန်ရှိသူများနှင့် ဝေယျဝစ္စအဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်ရပ်ဝေးရပ်နီးမှ တရားနာပရိသတ်များ စည်ကားသိုက်မြိုက်စွာ တက်ရောက်၍ တရားတော်နာယူကြပြီး ဆရာတော်ကြီးအား ဓမ္မပူဇာလှူဖွယ်ဝတ္ထုပစ္စည်းများ စုပေါင်းဆက်ကပ်လှူဒါန်းခဲ့ကြကာ ဝေနေယျသတ္တဝါအပေါင်းတို့အား မေတ္တာပို့အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)