ကျိုက်ထို ဒီဇင်ဘာ ၂၉
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အလယ်တန်းအဆင့် Grade(9)နှင့် မူလတန်းအဆင့် Grade(5)သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်သင်တန်းဖွင့်လှစ်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၈ နာရီခွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရာပြည့်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကျိုက်ထိုခရိုင် ပညာရေးမှူး ဦးခိုင်ထွန်းနှင့်မြို့နယ်ပညာရေးမှူး ဦးမောင်ညိုတို့ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် သင်တန်းနည်းပြများက သင်တန်းတွင်လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းသို့ Grade(5)၌ သင်တန်းသား၊ သင်တန်းသူ(၂၈၇)ဦး တက်ရောက်ပြီးသင်တန်း နည်းပြ(၁၈)ဦးက ဘာသာရပ်(၅)မျိုးအား သင်ကြားပို့ချသွားမည်ဖြစ်ပြီး Grade(9)တွင် သင်တန်းသား၊ သင်တန်းသူ(၁၃၆)ဦး တက်ရောက်၍ သင်တန်းနည်းပြ(၁၂)ဦးတို့က ဘာသာရပ်(၆) မျိုးကို နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ(၄)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)