ဓနုဖြူမြို့နယ်တွင် ဒီဇင်ဘာလ နောက်ဆုံးပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ဓနုဖြူ    ဒီဇင်ဘာ    ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြည်သူတစ်ရပ်လုံးမှ အားကစားလှုပ်ရှားမှုတွင် ပါဝင်လာစေခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပျော်ရွှင်လာစေရန်နှင့် အားကစားစိတ်ဓာတ်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဒီဇင်ဘာလ နောက်ဆုံးပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူထုလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၆၈၉) ဦးခန့်မှ  မြို့နယ်လမ်းဦးစီးရုံးထောင့်စုရပ်မှ ဗိုလ်ချုပ်ရုပ်ထုလမ်းအတိုင်းထွက်ခွါ၍ အမှတ် (၇) ရပ်ကွက်၊ ရတနာသီရိလမ်းတစ်လျှောက်၊ အမှတ်(၁၇)ရပ်ကွက်(၁)လမ်းနှင့် မြို့ပတ် လမ်းတစ်လျှောက်မှ အမှတ်(၁ဝ)ရပ်ကွက်ကျိုက္ကလွန်ပွန်းဘုရားရှေ့အထိ လမ်းလျှောက်ခဲ့ကြပြီး အမှတ်(၁ဝ)ရပ်ကွက် ကျိုက္ကလွန်ပွန်းဘုရားရှေ့ကွင်းပြင်၌ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများအား စုပေါင်းပါဝင် ဆင်နွှဲခဲ့ကြ​ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)