ဟင်္သာတ ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်း(ဟင်္သာတ)ခန်းမ၌ “သတ္တမ”အကြိမ်မြောက် သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့မှ အဖွဲ့ဝင်(၂) ဦးအောင်မြင့်ဦး၊ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဖြိုးဝေဝင်း၊ သူနာပြုသင်တန်းကျောင်း(ဟင်္သာတ)မှ ကျောင်းအုပ်ကြီးဆရာမကြီး ဒေါ်ဝေဝေလွင်၊ သင်ကြားရေး ဆရာမများ၊ သင်တန်းသား/သူများနှင့် မိဘဆွေမျိုးများ စုစုပေါင်းအင်အား (၂၂၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနား ပထမပိုင်းတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားဒုတိယပိုင်းအဖြစ် သူနာပြုသင်တန်းကျောင်း(ဟင်္သာတ)မှ ကျောင်းအုပ်ကြီးဆရာမကြီး ဒေါ်ဝေဝေလွင်နှင့် သင်ကြားရေးဆရာမများ ဦးဆောင်၍ “သတ္တမ”အကြိမ်မြောက် သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ်ရရှိသူ သင်တန်းသား/သူ (၇၃)ဦးတို့အား အောင်လက်မှတ်များ အသီးသီးအပ်နှင်းပေးအပ်ခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)