ပေါင်းတည်မြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာန၌ (၇၇) နှစ်မြောက် လွတ်လပ်‌ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ပေါင်းတည် ဒီဇင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် (၁ဝ) နာရီက (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းမြသန်းက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် လွတ်လပ်ရေးနေ့ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ (၇၇) နှစ်မြောက် လွတ်လပ်‌ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ အ.ထ.က(မင်းကွက်)မှ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများအား (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဝေငှပေးကြပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်ပြပွဲကိုပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)