(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ သာကေတမြို့နယ်တွင် ကျင်းပ

သာကေတ ဒီဇင်ဘာလ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်၌ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ၊ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခဲ့သည်။

ရှေးဦးစွာ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဦးတည်ချက်များ၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံများအား ဟောပြောခဲ့ပြီး ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို ပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၂၅)အခြေခံပညာမူလတန်း ကျောင်းသား၊ ကျောင်းသူများက စိတ်ကြိုက်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဝါကျမှား/မှန်ပြိုင်ပွဲများအား ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုများအား ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များအား လေ့လာခဲ့ကြကြောင်း သိရှိရသည်။

သဲထက်ဇင် (ပြန်/ဆက်)