ထန်းတပင်မြို့နယ်၌ စာသင်ကျောင်းအခြေပြု တီဘီရောဂါရှာဖွေရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ထန်းတပင် ဒီဇင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာသင်ကျောင်းအခြေပြု တီဘီရောဂါရှာဖွေဖော်ထုတ်ခြင်းကို အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမတွင် ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ စာသင်ကျောင်းအခြေပြု တီဘီရောဂါရှာဖွေဖော်ထုတ်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါသံသယလက္ခဏာများရှိ/မရှိ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပေးခဲ့ရာ တီဘီရောဂါသံသယလက္ခဏာတွေ့ရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်တီဘီတိုက်ဖျက်ရေးဌာနသို့ပို့ဆောင်ပေးပြီး  တီဘီရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးပေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ဆေးခြင်းတို့ကို ရှာဖွေဖော်ထုတ်ပေး၍ တီဘီပိုးတွေ့ရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်တီဘီတိုက်ဖျက်ရေးဌာနမှ တီဘီဆေးတိုက်ကျွေးခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် တီဘီရောဂါရှာဖွေခြင်းခံရသော ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါအကြောင်း အသိပညာပေးပြောကြားပြီး မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)