(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်ကျောင်းပေါင်းစုံစာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ဖြူး ဒီဇင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အခြေခံပညာဦးစီးဌာနမှ ကျင်းပသော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်မြို့နယ်အဆင့်ကျောင်းပေါင်းစုံစာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့ နံနက်(၉)နာရီခွဲ အချိန်က အ.ထ.က(၂)ကျောင်းအောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် ဖြူးမြို့ပေါ်ရှိအခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ(၁၈)ဦး၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား/သူ(၁၇)ဦး၊ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/သူ(၁၁)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ(၂၇)ဦး၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား/သူ(၂၁)ဦး၊ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/သူ(၁၇)ဦး မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ(၂၁)ဦး၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား/သူ(၂၀)ဦး၊ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/သူ(၂၁)ဦးသည် လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ပြိုင်ပွဲအဆင့်အလိုက် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများအား (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားတွင် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)