နတ်တလင်း ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြုတီဘီရောဂါရှာဖွေကုသခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီးဒေါက်တာအေးအေးသန့် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများကဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့မရပ်ကွက်ရှိ အ.ထ.က(မြို့မ)ကျောင်းသို့သွားရာက်၍ ကွင်းဆင်းဆောင်ရွက်သည်။
အဆိုပါ တီဘီရောဂါရှာဖွေခြင်းနှင့်အသိပညာပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေး၊ ကျောင်းကျန်းမာအာဟာရဦးစီးအရာရှိ ဒေါက်တာခိုင်သဉ္ဇာနှင့်ဝန်ထမ်းများ၊အခြေခံကျန်းမာရေးဝန်ထမ်းများမှ တီဘီရောဂါစမ်းသပ်စစ်ဆေးခြင်းများပြုလုပ်ကာ သလိပ်စစ်ရန်နှင့် ဓာတ်မှန်ရိုက်စစ်ဆေးရန်လိုအပ်သည့် ကျောင်းသား/ ကျောင်းသူများအား မြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြပြီး ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တီဘီရောဂါရှာဖွေကုသခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များများ၊ ဆရာ/ဆရာမများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး အ.ထ.က(မြို့မ)ကျောင်းမှ ကျောင်းသား/ ကျောင်းသူ(၁၆၀၁)ဦးအား ရောဂါရှာဖွေအသိပညာပေးခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)