(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပုသိမ်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ပုသိမ်ကြီး ဒီဇင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်တွင်းရှိ သန္ဓေ၊ အရန်တပ်ဖွဲ့ဝင်များဖြင့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရခြင်းကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်မီးသတ်စခန်းရှိ ကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်က ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် သန္ဓေ/ အရန်တပ်ဖွဲ့ဝင်များ စုစုပေါင်းအသင်း ၈ သင်းဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည့် မန်ကျည်းပင်စောက်အရန်မီးသတ်မှ ပထမဆု၊ မိုင်ကုန်းအရန်မီးသတ်မှ ဒုတိယဆုနှင့် ကန်ကောက်အရန်မီးသတ်မှ တတိယဆုတို့ ရရှိခဲ့ကြပြီး၊ တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို