ကျောက်ဆည် ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အခြေခံပညာကျောင်းများတွင် နေ့ရက်အလိုက် အားကစားနည်းမျိုးစုံပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရဲဘော်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် အားကစားနည်းမျိုးစုံပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းများနှင့်ပတ်သတ်၍ ကျောင်းသား/ ကျောင်းသူများ ပျော်ရွှင်ကျန်းမာပြီး ဉာဏ်ရည်ထက်မြတ်စေရန်နှင့် သင်ကြားမှု၊ သင်ယူမှုများ ပိုမိုထိရောက်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်စေရေး ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း တာဝန်ရှိသူထံများမှ သိရှိရပြီး KG အတန်းမှ Grade-5 အတန်းထိ အတန်းအလိုက် မီတာ (၁၀၀) အပြေး၊ အင်္ကျီအမြန်ဝတ်၊ ဇွန်ကိုက်၊ အာလူးကောက်ပြိုင်ပွဲ၊ ဘောလုံးဖောက်ပြိုင်ပွဲ၊ မုန့်ကိုက်ပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ အိပ်စွပ်ပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကစားနည်းများ ဝါသနာအရလေ့လာလိုက်စားပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး ဘက်စုံထူးချွန်ပြီးသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေလာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်