ငပုတောမြို့နယ် သဲချောင်းကျေးရွာတွင် ကရင်နှစ်ကူးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

ငပုတော ဒီဇင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် သဲချောင်းကျေးရွာအုပ်စု သဲချောင်းကျေးရွာတွင် ကရင်နှစ်သစ်ကူးနေ့ အထမ်းအမှတ် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီအချိန်က အဆိုပါ ကျေးရွာရှိ ကျေးရွာ ဘောလုံးကွင်းဝန်းအတွင်း ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အ.လ.က (ခွဲ)သဲချောင်း (ဂျမ်း)မှ ကျောင်းအုပ်ဆရာကြီး ဦးစောဟန်သာထူးက အဖွင့်အမှာ စကားပြောကြားရာတွင် ယခု အားကစားပွဲသည် ကရင်လူမျိုးများ၏ နှစ်သစ်ကူနေ့ အထိမ်းအမှတ် အားကစားပွဲတော်ဖြစ်ပါကြောင်း၊ ဘောလုံး အားကစားသည် အသင်းအဖွဲ့နှင့် ကစားရသော အားကစားနည်းဖြစ်၍ စည်းလုံးညီညွတ်စွာဖြင့် အနိုင်၊ အရှုံးကို ပဓာန မထားဘဲ ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါ ကရင်နှစ်ကူးနေ့ အထိမ်းအမှတ် ကျေးရွာအုပ်စု ဘောလုံးပြိုင်ပွဲအား ကျေးရွာအုပ်စု (၆) အုပ်စု ကိုယ်စားပြု အသင်း (၆) သင်းမှ အားကစားသမားများက ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အနိုင်ရရှိသော အသင်းအား ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)