သရက်ချောင်း ဒီဇင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြစိမ်းရောင်စီမံကိန်း သက်တမ်းတိုးကျေးရွာများနှင့်ပတ်သက်၍ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြစိမ်းရောင်စီမံကိန်းကော်မတီအဖွဲ့ဝင်များနှင့် အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဟန်ဇော်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ ကော်မတီဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်က မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်သည့် ရည်ရွယ်ချက်နှင့် စီမံကိန်းဧရိယာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းကျေးရွာရွေးချယ်ရာတွင် လိုက်နာရမည့်အခြေခံမူများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းကျေးရွာများအား ရန်ပုံငွေခွဲဝေချထားမှုပုံစံ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေဖြင့် ဆောင်ရွက်နိုင်သည့်လုပ်ငန်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေဆောင်ရွက်သည့်နည်းလမ်း၊ မြို့နယ်မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားရှိခြင်း၊ မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း နှစ်အလိုက်
ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင်စီမံကိန်းဆောင်ရွက်ထားရှိမှုအခြေအနေ၊ မြစိမ်းရောင်စီမံကိန်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) အကောင်အထည် ဖော်ဆောင်ရွက်မှုအခြေအနေ၊ မြစိမ်းရောင်ကျေးရွာများသက်တမ်းတိုးမြှင့်ခွင့် တင်ပြထားမှုအခြေအနေ၊ သက်တမ်းတိုးတင်ပြထားသည့် ကျေးရွာများ၏ မြေပြင်အခြေအနေနှင့်ယာယီစီမံကိန်းရပ်ဆိုင်းရန် အဆိုပြုကျေးရွာများအခြေအနေတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ကော်မတီဝင်များအား (PowePoint) ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ကော်မတီဝင်များက မြစိမ်းရောင်ကျေးရွာများသက်တမ်းတိုးမြှင့်ခွင့် တင်ပြထားမှုအခြေအနေ၊ သက်တမ်းတိုးတင်ပြထားသည့်ကျေးရွာများ၏ မြေပြင်အခြေအနေနှင့် ယာယီစီမံကိန်းရပ်ဆိုင်းရန် အဆိုပြုကျေးရွာများ၏အခြေအနေများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း
သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)