မြောင်းမြမြို့တွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ

မြောင်းမြ ဒီဇင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြစိမ်းရောင်တောင်တော် သာသနာ့နယ်မြေ၊ ဘိုးတော်ပွားလေးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဝါးခယ်မမြို့၊ ကြာနီကန်ကျောင်းတိုက်ဆရာတော် ဦးစဋိလက သြဝါဒစကားမြွတ်ကြားခဲ့သည်။ ဆက်လက်၍ ပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များနှင့် ရပ်ဝေးမှလာရောက်ကြသည့် ဧည့်သည်များအား နေရာချထားပေးခြင်း၊ အလံတင်အခမ်းအနားကျင်းပခြင်း၊ လမ်းဖွင့်ပွဲကျင်းပခြင်း၊ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကျင်းပခြင်းနှင့် နေ့လယ်စာဧည့်ခံကျွေးမွေးခြင်း စသည့် လုပ်ငန်းဆိုင်ရာများ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မြောင်းမြခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)