ပဲခူးတိုင်းဒေသကြီး MSMEs ဒေသထွက်ကုန်တတိယမြောက်အရောင်းစင်တာ တောင်ငူမြို့၌ ဖွင့်လှစ်

တောင်ငူ ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၁၆)ရပ်ကွက်၊ (၁)လမ်း၌ ပဲခူးတိုင်းဒေသကြီး MSMEs ဒေသထွက်ကုန်အရောင်းစင်တာဖွင့်လှစ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည် ရှေးဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကြည်သိုက်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် အရောင်းစင်တာအတွင်း ခင်းကျင်းပြသထားသည့် စားသုံးကုန်နှင့်လူသုံးကုန်ပစ္စည်းများအား လှည့်လှည်ကြည့်ရှုကြပြီး ပဲခူးတိုင်းဒေကြီးအတွင်းမှ ထွက်ရှိသည့် ဒေသထွက်ကုန်များအား တစ်နေရာတည်း တစ်စုတစ်စည်းတည်းဖြင့် မူရင်းစျေးအတိုင်းဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်ကာ ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အရောင်းစင်တာသို့ စျေးဝယ်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချခြင်း၊ စျေးကွက်ယှဉ်ပြိုင်ရှာဖွေခြင်း၊ အရည်အသွေးပြည့်မီသော ထုတ်ပိုးမှုစနစ်များ ဖြစ်ပေါ်လာစေရေးနှင့် MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်ချက်ဖြင့် တိုင်းဒေသကြီးဒေသ ထွက်ကုန်အရောင်းစင်တာအား ပဲခူးမြို့တွင် (၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့ကလည်းကောင်း ပြည်မြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၊ (၁၉)ရက်နေ့ကလည်းကောင်း အသီးသီးဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယခုအခါ တောင်ငူမြို့၌ တိုင်းဒေသကြီးဒေသထွက်ကုန် အရောင်းစင်တာအား (၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၃)ရက်နေ့တွင် တတိယမြောက်ဆိုင်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းဖြစ်ကာ စားဖိုဆောင်သုံးပစ္စည်း(၂၂)မျိုး၊ တိုင်းရင်းဆေးဝါး(၃၂)မျိုး၊ အဝတ်အထည်နှင့်လူသုံးကုန်(၁၃)မျိုးနှင့် စားသောက်ကုန်ပစ္စည်း(၁၈၉)မျိုး၊ စုစုပေါင်း(၂၅၆)မျိုး နေ့စဉ်ဖွင့်လှစ်ရောင်းချပေးသွားမှာဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)