ဖြူးမြို့နယ်၊ ဇဟားအလယ်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းချေးငွေ ဒုတိယအကြိမ်ထုတ်ချေး

ဖြူး ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇဟားကျေးရွာအုပ်စု၊ ဇဟားအလယ်ကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ မြစိမ်းရောင်စီမံကိန်းချေးငွေဒုတိယအကြိမ်ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်မျိုးအောင်နှင့်တာဝန်ရှိသူများ၊ မြစိမ်းရောင်စီမံကိန်းမတည်ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များက စိုက်ပျိုးရေးလုပ်ငန်းအသင်းသား(၂၂)ဦး၊ မွေးမြူရေးလုပ်ငန်းအသင်းသား(၁၇)ဦး စုစုပေါင်းအသင်းသား (၃၉)ဦးအား ငွေကျပ်(၂၂၄)သိန်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာများတွင် မြစိမ်းရောင်စီမံကိန်းချေးငွေအရင်းမပျောက်လည်ပတ်ရန်ပုံငွေများဖြင့် ကျေးရွာဒေသဖွံ့ဖြိုးရေးအတွက် သောက်ရေသန့်ရရှိရေး၊ ကျေးရွာတွင်းလမ်းများကို ​ဆောင်ရွက်နေကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)