ငပုတော ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်း မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြက်ဥများကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဘဏ်ရှေ့တွင် ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကြက်ဥများ ချီးမြှင့်ပေးအပ်ရာတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၂၀၀)ဦးခန့်အား တစ်ဦးလျှင် ကြက်ဥ(၁၀)လုံးနှုန်းဖြင့် ကြက်ဥလုံးရေ(၂၀၀၀)ခန့်အား ပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် စားအုံးဆီ တစ်ဦးလျှင်(၅၀)ကျပ်သားနှုန်းဖြင့် စားအုံးဆီ (၁၀၀)ပိဿာ၊ ဧည့်မထဆန် တစ်ပြည်လျှင် ငွေကျပ် (၃၀၀၀)ကျပ်နှုန်းဖြင့် ဧည့်မထဆန် (၃)အိတ်၊ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြက်ဥများချီးမြှင့်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များကလည်း ပူးပေါင်းပါဝင် ပေါင်းစပ်ပေးခဲ့ကြကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)