ပြည် ဒီဇင်ဘာ ၂၁
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ ဆုံစည်းရာ Book Club အဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သည့် "စာဖတ်ဝိုင်း"ကို ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
စာဖတ်ဝိုင်းသို့ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူး၊ ဦးစီးအရာရှိ ဦးအောင်ကိုသန့်နှင့် ပြည်မြို့နယ်စာရေးဆရာအသင်းမှ ဆုံစည်းရာ Book Club အဖွဲ့ဝင် စာရေးဆရာများတက်ရောက်ကြပြီး စာဖတ်ဝိုင်းတွင် စာဖတ်သူ၊ စာရေးသူတို့၏ သုတ/ရသစာပေရေးရာအကြောင်းများ၊ ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများ လစဉ်ပူးပေါင်းဆောင်ရွက်ခဲ့မှုများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)