စစ်ကိုင်း ဒီဇင်ဘာ ၂၁
စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ဖွင့်လှစ်သော မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်နိုင်က မီးသတ်တပ်ဖွဲ့ဝင်များအနေနဲ့ အနာဂတ်ကာလတွင် ရင်ဆိုင်ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုများအား ရင်ဆိုင်ကျော်လွှားနိုင်ရန် တပ်ဖွဲ့အတွင်း Men Power ၊ Equipment Power များ တိုးတက်လာတာနဲ့အညီ Technology Power ကိုပါ ဟန်ချက်ညီညီ စဉ်ဆက်မပြတ်တိုးတက်လာပြီး ဌာန၏ ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အထောက်အကူရရှိစေနိုင်ရန်နှင့် တပ်ဖွဲ့ဝင်များရဲ့ လုပ်ငန်းစွမ်းဆောင်ရည်များ စဉ်ဆက်မပြတ် တိုးတက်မြင့်မားနေစေရေးအတွက် နိုင်ငံတကာတွင် ကျင့်သုံးဆေင်ရွက်လျက်ရှိသော ခေတ်မီမီးဘေးလုံခြုံရေး နည်းပညာရပ်များအား စဉ်ဆက်မပြတ် လေ့လာသိရှိနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်းကို ဒီဇင်ဘာလ (၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ ရက်သတ္တပတ် (၂)ပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်