ကျွန်းလှ ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ယခုနှစ် နှစ်ရှည်ပင်မျိုးစုံ ဧက ၂၇၀၀ ကျော်စိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ နှစ်ရှည်ပင်စိုက်ပျိုးရာတွင် လျှော်ဖြူ၊ ပရဆေး၊ နဂါးမောက်၊ ထန်း၊ အုန်း၊ သရက်၊ ငှက်ပျော၊ မာလကာ၊ ရှောက်၊ သံပုရာ၊ ကွမ်းသီး၊ ကွမ်းရွက်၊ ဆီးသီး၊ သစ်သီးပင်များနှင့် အခြားမစားသုံးပင်များ စိုက်ပျိုးကြကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နှစ်ရှည်ပင် စိုက်ပျိုးမှုအဖြစ် ပရဆေး ၅၈၅ ဧက၊ လျှော်ဖြူ ၅၈၄ ဧက၊ ကြယ်ပဲ ၁ ဧက၊ ထန်း ၂၀ ဧက၊ အုန်း ၂၃၃ ဧက၊ ငှက်ပျော ၂၀၆ ဧက၊ ကွမ်းသီး ၁၃ ဧက၊ ကွမ်းရွက် ၅၄ ဧက၊ သစ်သီးပင် ၈၈၁ ဧကနှင့် အခြားမစားသုံးပင် ၁၄၂ ဧက စုစုပေါင်း ၂၇၁၉ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညိ(ကျွန်းလှ)