ပန်းတောင်းမြို့နယ်၌ ပေါ့ဆ"မီး"ကြောင့် ပြည်လုံးချမ်းသာဘုရားဓမ္မာရုံတွင် မီးလောင်မှုဖြစ်ပွား

ပန်းတောင်း ဒီဇင်ဘာ ၂၀

ပဲခူးတ်ိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ည (၁၉)နာရီ(၅၅)မိနစ် အချိန်က နတ်မောက်ကျေးရွာ/အုပ်စုရှိ ပြည်လုံးချမ်းသာဘုရားဓမ္မာရုံအတွင်းရှိ ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲ၍ ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

၎င်းမီးလောင်ကြွမ်းရာနေရာသို့ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်သီဟ ဦးစီးသည့်အဖွဲ့၊ ခေတ္တပန်းတောင်းမြိုမရဲစခန်းမှူး ဒုရဲမှူး တင်မောင်နိုင် ဦးစီးသည့်အဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး ဦးကျော်ကျော် ဦးစီးသည့်အဖွဲ့မှ မီးသတ်ယာဥ်(၂)စီးဖြင့် သွားရောက်ပြီး နတ်မောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ကျေးရွာအတွင်းရှိ ပြည်သူများတို့မှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ (၂၀)နာရီ (၅)မိနစ်အချိန်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အလျား(၂၄)ပေ၊အနံ(၂၄)ပေခန့်ရှိ အုတ်ကာသွပ်မိုး ဓမ္မာရုံအတွင်းမှ မျက်နှာကျက်နှင့် လျှစ်စစ်မီးမိန်းဘုတ်ခုံ၊ ဓမ္မာရုံပြတင်း တံခါးပေါက်(၄)ပေါက်၊ နံရံကပ် ပန်ကာ(၁)လုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။

လပြည့်လင်း(ပြန်/ဆက်)