ကျွန်းလှမြို့နယ်၌ ကျေးရွာတွင်းလမ်းများ ဂျင်းမြေခင်းခြင်းဆောင်ရွက်

ကျွန်းလှ ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် ရေစီးရေလာကောင်းမွန်ပြီး သွားလာရေးအဆင်ပြေစေရန်အတွက် ကျေးရွာတွင်းလမ်းများအား ဂျင်းမြေခင်းခြင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာတာဝန်ရှိသူများဦးဆောင်ပြီး ကျေးရွာနေပြည်သူများ၏လုပ်အား အလှူရှင်များ လှူဒါန်းမှုဖြင့် ကျေးရွာအတွင်း လမ်း(၇)လမ်း၊ အရှည်ပေ(၄၀၀၀)ကျော်ကို ငွေကျပ်သိန်း(၈၀)ကျော်ကုန်ကျခံပြီး ဂျင်းမြေခင်းခြင်း ဆောင်ရွက်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် လမ်းမကြီး(၅)လမ်း၊ လမ်းသွယ်(၁၁)လမ်းရှိပြီး ရဟန်းရှင်လူပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ ရာသီမရွေးသွားလာရေးအဆင်ပြေစေရန် ရွာတွင်းလမ်းများပြုပြင်ခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်မြင့်ကပြောကြားသည်။

မျိုးဝင်းညို ကျွန်းလှ