ပန်းတနော်မြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ပန်းတနော် ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ထိန်းသိမ်းစို့လေ လွတ်လပ်ရေး‌အမွေ ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပရာ ပန်းတနော်မြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဆယ့်နှစ်ရွာကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများက ပါဝင်ယှဥ်ပြိုင်ခဲ့သည်။ ထို့နောက် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား တက်ရောက်လာကြသည့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)