မင်းလှမြို့ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

အထက်မင်းလှ ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲက အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဇင်မာဝင်းနှင့်ဆရာမများက ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်‌သောနည်းလမ်းများ၊ ရောဂါကူးစက်နိုင်သည့်နည်းလမ်းများ၊ ရောဂါလက္ခာဏာများ၊ အညစ်အကြေးကိုင်ပြီး လက်ကိုစနစ်တကျ‌ဆေးကြောရန်၊ မသန့်ရှင်း‌သောအစားအစာများ၊ စားသုံးခြင်းမပြုလုပ်ရန်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားသည်ဟု သံသယရှိလျှင် အချိန်မီကုသမှုမခံယူပါက လျင်မြန်စွာအသက်ဆုံးရှုံးနိုင်‌သောကြောင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ သတင်းပေးပို့ပြီး ထိရောက်သောကုသမှုခံယူကြရန်တို့အား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)