မြန်အောင် ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ အ.ထ.က(ခွဲ) အုတ်ရှစ်ကုန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာန တို့ပူးပေါင်းကျင်းပသောစာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာဟောပြောပွဲကို ယနေ့ နေ့လယ်ကကျင်းပပြုလုပ်ခဲ့သည်။
လူငယ်စကားဝိုင်းအခမ်းအနားတွင် မြန်အောင်မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် (၂) ဦးမြင့်နိုင်က လူငယ်များ စာအုပ်စာပေ၌နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်အလေ့အကျင့်ကောင်းများဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများဖြစ်လာပြီး ဗလငါးတန်ပြည့်စုံသော လူငယ်များဖြစ်ရန်ကြိုးစားကြရန် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားကျောင်းသူ များစာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းများကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့သည်။
လူငယ်စကားဝိုင်းတွင် ပြန်/ဆက် ဦးစီးအရာရှိ ဦးဇော်မင်းထွန်းဦးဆောင်၍ Grade-10 မှ မဇင်မေဖြိုးက လူငယ်နှင့်စာပေ ၊ Grade-10 မှ မမေသက်နိုင်က လူငယ်နှင့်ကိုယ်ကျင့်တရား ၊Grade-10 မှ မသင်းပပလှိုင်က လူငယ်နှင့်အားကစား ၊ Grade-10 မှ မောင်ပ်ုင်ဇင်သူက လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်ကြသည့် ကျောင်းသား/ သူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့ကြသည်။
ဆက်လက်၍ လူငယ်ရေးရာဟောပြောပွဲကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူများအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်း၊ အင်ပင်နယ်မြေရဲစခန်းမှ ရဲအုပ်ကျော်စိုးဦး၊ မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဦးဇော်မင်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်နှင့် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးဝါတို့က ကျောင်းသားကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ကဏ္ဍအလိုက်အသိပညာပေးဟောပြောခဲ့ကြသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အိဖြူစင်က ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်အား ကျောင်းသား/ ကျောင်းသူများ ကစိတ်ပါဝင်စားစွာဖြင့်ကြည့်ရှုလေ့လာခဲ့ကြသည်။
ဝင်းဗိုလ် (ပြန်/ဆက်)