ငပုတောမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စုတွင် ရေဆင်းစပ်မျိုးနေကြာ(၁) စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

ငပုတော ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စုတွင် ရေဆင်းစပ်မျိုးနေကြာ (၁) စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကွင်းအမှတ် (၁၃၈၃)၊ ဦးပိုင်အမှတ် (၁၁/၁) တောင်သူဦးကျော်ဝင်း၏ လယ်မြေ(၅.၀၀)‌ဧကတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူက ဆီဖူလုံမှုရရှိစေရေးအတွက် နေကြာမျိုးစေ့များ စိုက်ပျိုးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ရေဆင်းစပ်မျိုးနေကြာမျိုးစေ့များကို ဒေသခံတောင်သူများထံပေးအပ်ပြီး မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့်အတူ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)