မိုင်းကိုင်မြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကျင်းပ

မိုင်းကိုင် ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (မိုင်းကိုင်) မြတ်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(မိုင်းကိုင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မြင့်သန်းက ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြီးနောက်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်နန်းဖူးဆိုင်ဟွမ်က ပြိုင်ပွဲဝင်ခေါင်းစဉ်များကို ဖတ်ပြကာ အထက်တန်းအဆင့်တွင် အစဉ်မမေ့ လွတ်လပ်ရေးနေ့၊  အလယ်တန်းအဆင့်တွင် လွတ်လပ်ရေးအမွေ ထိန်းသိမ်းစို့လေ၊ မူလတန်းအဆင့်တွင် လွတ်လပ်ရေးအောင်ပွဲတို့ဆင်နွှဲ စသည့်ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲသို့ မိုင်းကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူ (၃၇) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)