တောင်ဥက္ကလာပမြို့နယ်၌ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (booster dose) ထိုးနှံပေး

တောင်ဥက္ကလာပ ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊  သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌   Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး booster dose ထိုးနှံ‌‌ပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ကစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် သင်္ဃန်းကျွန်းခရိုင် အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ် အမှတ်(၄)ရပ်ကွက် သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့်  အမှတ်(၇)ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့၌ အသက်(၁၈)နှစ်အထက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးမိုးနှင့် ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရှိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)