အထက်မင်းလှ ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရေး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့နံနက်(၉)နာရီက အ.မ.က (၃) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိမြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေးအကြောင်းအရာများ၊ မူးယစ် ဆေးဝါးအန္တရာယ်အကြောင်းအရာများ၊ စာဖတ်ခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးများ ဉာဏ်စွမ်းရည်ဖွံ့ဖြိုးစေရေးနှင့် စာဖတ်သည့် အလေ့အကျက့်ရရှိစေရန်၊ စာအုပ်စာစောင်များ ဖတ်ရှုစေခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)