အထက်မင်းလှ ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ကုန်ရွာအခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ဇင်မာဝင်းနှင့်ဆရာမများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွား ရောဂါကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများ၊ ရောဂါကူးစက်နိုင်သည့်နည်းလမ်းများ၊ ရောဂါလက္ခာဏာများ၊ အညစ်အကြေးကိုင်ပြီး လက်ကိုစနစ်တကျဆေးကြောရန်၊ မသန့်ရှင်းသောအစားအစာများ၊ စားသုံးခြင်းမပြုလုပ်ရန်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသည်ဟုသံသယရှိလျှင် အချိန်မီကုသမှုမခံယူပါက လျှင်မြန်စွာ အသက်ဆုံးရှုံး နိုင်သောကြောင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ သတင်းပေးပို့ပြီး ထိရောက်သော ကုသမှုခံယူကြရန်တို့အား အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)