အထက်မင်းလှ ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် (ခလိုင်း-ရွာသာလှ)စစ္စနို့-ကန်တုတ်လမ်းပေါ်ရှိ ရေကျော်တည် ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ပြည်ထောင်စု(ငွေလုံးငွေရင်း )ရန်ပုံ ငွေဖြင့်ဆောင်ရွက်သည့် (ခလိုင်း-ရွာသာလှ) စစ္စနို့၊ကန်တုတ်လမ်းပေါ်ရှိ ရေကျော်ပေ (၁၅၀) တည်ဆောက် ခြင်းလုပ်ငန်းကို သင်္ဂဟအောင်ကုမ္ပဏီမှ ဆောင်ရွက်နေမှုအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရှိစေရေးအတွက် မင်းလှမြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးဦးစီးဌာနမှ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဒေါ်သီရိဖြိုးဝေဝင့်နှင့် စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ(ရုံးချုပ်)မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးခိုင်မင်းစိုးတို့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်တွင် ကျေးလက်လမ်းများပေါ်ရှိရေကျော်များအား တည်ဆောက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေ ချောမွေ့လာမည်ဖြစ်ပြီး၊ ကျေးလက်နေပြည်သူများအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)