ဟိုပုံးမြို့နယ်တွင် ပလတ်စတစ်အသုံးပြုမှုလျော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဟိုပုံး ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပလတ်စတစ်အသုံးပြုမှုလျော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ဝါးဆို့)၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်လဲ့လဲ့မွန်က ပလတ်စတစ်ဆိုသည့်အဓိပ္ပာယ်၊ ပလတ်စတစ်များကို စည်းမဲ့ကမ်းမဲ့စွန့်ပစ်ခြင်း၏ ဆိုးကျိုးအန္တရာယ်များ၊ မြစ်ချောင်းအင်းအိုင်များတွင် ပလတ်စတစ်များ စွန့်ပစ်ခြင်း၏ဆိုးကျိုးအန္တရာယ်များ၊ ပလတ်စတစ်များကို စနစ်တကျစွန့်ပစ်ရန်နည်းလမ်းများနှင့် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရန်နည်းလမ်းများအား ပရိုဂျက်တာဖြင့် အကျယ်တဝင့်အသိပညာပေး ဆွေးနွေးဟောပြောသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ ၁၀၅ ဦးခန့် တက်ရောက်ခဲ့ရာ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်လဲ့လဲ့မွန်က ဆွေးနွေးဟောပြောသည့်အကြောင်းအရာများအား ပြန်လည်မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သည့်ကျောင်းသားကျောင်းသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)