ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ဒေသထွက်စတော်ဘယ်ရီနှင့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

ဟိုပုံး ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသအ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်‌ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းအစီအစဉ်ဖြင့်ဆောင်ရွက်သည့် ဒေသထွက်စတော် ဘယ်ရီနှင့်သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ ရန်ကင်းကျေးရွာစာကြည့်တိုက်တွင် ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက အမှာစကားပြောကြားရာတွင် သေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း သာမန်လျာထားသင်တန်းများအပြင် လုပ်ငန်းရှင်များဖြစ်သည်အထိ မွေးထုတ်ပေးမည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း (၇)မျိုးအနက် လူငယ်များအလုပ်အကိုင်အခွင့်အလမ်းလုပ်ငန်း၊ ဒေသတစ်ခုထုတ်ကုန်တစ်ခုလုပ်ငန်း၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေးလုပ်ငန်းနဲ့ အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေးလုပ်ငန်းစတဲ့ စီမံကိန်းလုပ်ငန်း(၄)မျိုးကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာ(၆)ရွာတွင် စီမံကိန်းရန်ပုံငွေကျပ်(၁၂)သန်းစီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးတာနဲ့သင်တန်းမှ ထူးချွန်သင်တန်းသား(၅)ဦးကို သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းထူထောင်နိုင်ဖို့လိုအပ်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်သွားမှာဖြစ်ကြောင်း၊ သင်တန်းသားအားလုံး နည်းပြများမှ သင်ကြားပို့ချထားတဲ့ စာတွေ့/လက်တွေ့ပညာရပ်များကို ကျွမ်းကျင်အောင် စနစ်တကျမှတ်သားလေ့လာသင်ယူကြဖို့မှာကြားလိုကြောင်း၊ မိမိတို့ကျေးရွာ၊ ရပ်ကွက်၊ ဒေသအတွင်းမှာ တစ်ပိုင်တစ်နိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းငယ်များ ပေါ်ထွက်လာပြီး ထိုလုပ်ငန်းများမှသည် အလတ်စား၊ အကြီးစားစက်မှုလုပ်ငန်းများအထိ တက်လှမ်းနိုင်အောင် ကြိုးစားကြပါ၊ သို့မှသာ တိုင်းပြည်ဝင်ငွေတိုးတက်ရရှိပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေမှာဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်သိန်းက သင်တန်းနှင့်ပတ်သက်သည်များအား ရှင်းလင်းပြောကြားပြီးတာဝန်ရှိသူများက သင်တန်းသုံးကိရိယာပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းကို ဒီဇင်ဘာလ(၁၀)ရက်နေ့မှ ဒီဇင်ဘာလ (၁၆)ရက်နေ့အထိ စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)