မိုင်းရယ်မြို့နယ်အတွင်း အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းပုံစံ(က) ပဉ္စမအကြိမ်မူကြမ်းအား စစ်ဆေး‌နေမှုကိုတာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မိုင်းရယ် ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းပုံစံ(က) ပဉ္စမအကြိမ်မူကြမ်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြို့နယ်‌ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲရုံတို့ပူးပေါင်း၍ တိုက်ဆိုင်စစ်ဆေးနေမှုကို မြို့နယ်‌မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များက ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် လဝကရုံးတွင် ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ဦးစီးဌာန(၃)ခုမှပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့ အမှတ်(၁)၊(၂)၊(၃)မှ ကောက်ယူပြီးသည့် လူဦးရေစာရင်းများကို မြေပြင်တွင်အမှန်တကယ်နေထိုင်ခြင်းရှိ/မရှိ၊ ပျောက်ဆုံးရှိ/မရှိနှင့် သေဆုံးစာရင်းများရှိပါက မှတ်ချက်တွက် ထည့်သွင်းခြင်းများကို ဆောင်ရွက်သည်။

ထို့နောက် မြို့နယ်လဝက ဦးစီမှူး ဦးစိုးနိုင်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က လိုအပ်သည်များကိုပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

မြို့နယ်(ပြန်/ဆက်)