မအူပင် ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာ၌ ရေသန့်စင်စနစ် လုပ်ငန်းဆောင်ရွက်နေမှုများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေးရာသို့ မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်ကျော်ဦး ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)၊ မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာမနားကီး လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာနှင့် ကျေးရွာရေရှိရေးကော်မတီများမှ လယ်ကိုင်းကျေးရွာ၌ RO(200GPD) ရေသန့်စင်စနစ်တပ်ဆင်ခြင်း၊ (၁၅'× ၁၀'× ၈') ရေစက်ရုံ၊ (၁၂'× ၆'× ၅') အုတ်ရေလှောင်ကန် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ရေသန့်စင်စနစ်လုပ်ငန်းအား ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုရန်ပုံငွေကျပ် ၂၃.၄ သန်းဖြင့် ဌာနမှအင်ဂျင်နီယာစုဖွဲ့မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ပြီးစီးပါက ကျေးရွာအိမ်ခြေ(၄၂၃)အိမ်၊ အကျိုးပြုလူဦးရေ(၁၅၈၃)ဦးတို့အား အကျိုးပြုပေးနိုင်မှာဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)