ဟင်္သာတမြို့နယ်၌ မြန်အောင်ခရိုင်နှင့်ဟင်္သာတခရိုင်အတွင်းရှိ Grade-11 နှင့်Grade-12 သင် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဥ်(၂) ဖွင့်ပွဲအခမ်းအနားကျင်းပ

ဟင်္သာတ ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ "ဟင်္သာ"ခန်းမ၌ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဥ်(၂) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ခရိုင်နှင့်မြို့နယ် ဥပဒေအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မိခင်ကလေးနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade -11 နှင့် Grade-12 သင်ကြားနေသော ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက သင်တန်းအဖွင့် အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူးဦးတိုးဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခြင်း၊ ဟင်္သာတခရိုင်ဥပဒေအရာရှိ ဒေါ်မြကြေးဥမှ သင်တန်းတွင်ပို့ချမည့် ဥပဒေဘာသာရပ်ဆိုင်ရာသင်ခန်းစာများအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဥပဒေရေးရာအသိပညာပြန့်ပွားရေး Video Clip ကိုပြသခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေ(၁၀) သိန်းကျပ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးမှ ခရိုင်ပညာရေးမှူးဦးတိုးဝင်းထံ လွှဲပြောင်းပေးအပ်၍ တက်ရောက်လာသူများ သင်တန်းသားသင်တန်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းအမှတ်စဥ်(၂)အား ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်တို့မှ ဆရာ/မ(၁၆၄)ဦးနှင့်ကိုယ်ပိုင်ကျောင်းများမှ​ တက်ရောက်လေ့လာသူ ၄ ဦး စုစုပေါင်း ၁၆၈ ဦးတက်ရောက်၍ သင်တန်းကာလကို (၁၀)ရက်ကြာ ဥပဒေဘာသာရပ် ၇ မျိုးတို့အား ခရိုင်ဥပဒေအရာရှိများနှင့်ဒုတိယခရိုင်ဥပဒေအရာရှိများမှ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)