မအူပင် ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၂)ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက် (၉)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်မှ အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင်ဥပဒေအရာရှိဦးသန်းစိုးက သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ၎င်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့် ငွေကျပ်ဆယ်သိန်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်မှပေးအပ်ရာ မအူပင်ခရိုင်ပညာရေးမှူးဒေါက်တာသန္တာဆွေမှ လက်ခံရယူခဲ့သည်။
အဆိုပါ သင်တန်းအား မအူပင်ခရိုင်အတွင်းရှိ Grade-11 နှင့် Grade-12 သင်ဆရာ၊ ဆရာမ (၁၂၄)ဦး၊ ပြင်ပလေ့လာသူ (၂)ဦး၊ စုစုပေါင်း (၁၂၆)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာလ (၉)ရက်နေ့မှ (၁၈)ရက်နေ့အထိဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)