ဘိုကလေးမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)အရ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ဘိုကလေး ဒီဇင်ဘာ ၁၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား ပန်းခင်းစီမံချက်(၃)အရ စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီမှစတင်၍ ဘိုကလေးမြို့နယ်၊ အောက်လှည်းဆိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် အခြေခံပညာအထက်တန်းကျောင်းမှ အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ရုံး၏ ဒု-လူဝင်မှုကြီးကြပ်ရေးမှူးဒေါ်နှင်းနှင်းအေးနှင့် ဒေါ်လေးလေးဝင်းတို့မှ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ်အား ယနေ့မှစတင်၍ လုပ်ငန်းပြီးစီးသည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)