ငပုတော ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အ.မ.ကဥယျာဉ်ကုန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာအုပ်စာစောင်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ရာ ဆရာ၊ ဆရာမများ ၊ ကျောင်းသား၊ ကျောင်းသူ (၁၀၅)ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားတွင် အ.မ.ကဥယျာဉ်ကုန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မေမာကျော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်နုနုရီက ကျောင်းသား၊ ကျောင်းသူများ လူတော်လူကောင်းများ ဖြစ်ပေါ်လာစေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ၊ စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာအုပ်စာများ ဖတ်ရှုလေ့လာကာ စာကြည့်တိုက်သို့ ဝင်ထွက်သွားလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတားဆီးရေး အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသ ၊ စာအုပ် ၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)