ခန္တီး ဒီဇင်ဘာ ၁၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.မ.က(၇)နားမေတ္တာကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာအုပ်/စာစောင်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.မ.က(၇)နားမေတ္တာကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စောသန္တာက အဖွင့်အမှာစကားပြောကြားပြီး ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နန်းအေးခိုင်က စာအုပ်စာပေလေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများပေါ်ပေါက်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးသည့် ကျောင်းသား/သူများဖြစ်လာစေရန်ရည်ရွယ်၍ ဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်တင်မာဦးက စာဖတ်ခြင်းမှရရှိလာမည့်အကျိုးကျေးဇူးများနှင့်ပတ်သက်၍လည်းကောင်း၊ ဖတ်ရှုလေ့လာသင့်သည့် စာအုပ်စာပေအမျိုးအစားများနှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောရာ ကျောင်းသား/သူလေးများက စိတ်ဝင်တစား နားထောင်ခဲ့ကြပြီး သိရှိလိုသည်များကိုလည်း မေးမြန်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်/စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)